Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu သူငယ်ချင်းများ၏ share mail များနဲ့ လေ့လာ ဖတ်ဖူးသော ဆိုဒ်များမှ စာပေအထွေထွေတိုကို မှတ်စုအဖြစ် တည်ဆောက်ထားသော ကျနော်၏ blog မှ နွေးထွေးစွာကြိုဆိုပါ၏..

Saturday 30 June 2012

ငွေသား နဲ့ နှလုံးရောဂါ


ခေတ်မီတိုးတက်သော ယခုခေတ်တွင် နှလုံးသွေးကြောကျဉ်း ရောဂါနှင့် အခြား နှလုံးရောဂါများအတွက်

ဆေးမျိုးစုံ၊ ကုထုံးမျိုးစုံ ပေါ်ထွန်းလျက်ရှိသည်။ ရှေးခေတ်ကလည်း သူ့အချိန် သူ့အခါနဲ့ မြန်မာသမားတော်

များက ပျောက်ကင်းအောင် ကုသနိုင်ကြပေသည်။

သူ့ခေတ် သူ့အခါနှင့်

ကုသကြည်သည့်ထဲတွင် နှလုံးသွေးကြောကျဉ်းသော ရောဂါကြောင့် အသက်ရှူမ၀ခြင်း၊

ရင်ဘတ်အောင့်ခြင်း၊ မောပန်းခြင်းများကို ကုသ သက်သာပျောက်ကင်းပုံကို စာရေးသူတို့ ကိုးကွယ်သော ဆရာတော်ကြီးက မိန့်ကြားဖူးပါသည်။

ဆရာတော်ကြီး ငယ်ရွယ်စဉ်စာသင်သားဘ၀ ပညာသင်ကြားပေးသော သူ၏ဆရာတော်ကြီးသည် နှလုံးရောဂါကြောင့် မောပန်းခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမ၀ခြင်းတို့ ဖြစ်လာသည်။

ထိုအခါ တပည့်တို့အား စာမချနိုင်သည့် အခြေသို့ ဆိုက်ရောက်လာတော့သည်။ ထိုစဉ် တပည့် ဒါယကာ သမားတော်ကြီးက ကုသပေးသဖြင့် ထိုသမားတော်၏နည်းနှင့်ပင် အသက်ဆုံးသည်ထိ နောက်ထပ်ရောဂါ ဖြစ်မလာတော့ဘဲ သက်သာပျောက်ကင်းသွားပေသည်။

ဆရာတော် ရောဂါဖြစ်တယ်လို့ ကြားလိုက်တဲ့ မြန်မာတိုင်းရင်းသမားတော်က ငွေသားစစ်စစ်နဲ့ ပြုလုပ်ထားတဲ့ ဖလားကြီး တလုံး။ ငွေသားစစ်စစ်နဲ့ ဖလားငယ် တလုံး။ ငွေသားလင်ပန်းတချပ်ကို ယူပြီးကျောင်းသို့ရောက်လာပါသည်။

ငွေဖလားကြီးထဲမှာ ဆရာတော် သောက်သုံးရန် ရေအပြည့်ထည့်ပြီး ငွေလင်ပန်းလေးနဲ့ အပေါ်က အုပ်စေတယ်။ အဖုံးသဘောမျိုးပေါ့။ သောက်ရေဆိုတော့လဲ အမှိုက်သရိုက် အမှုန်အမွှားများ မကျအောင်ပေါ့။

ဆရာတော် ရေဆာတိုင်း ဖလားကြီးထဲမှ ရေကို အခြားခွက်များဖြင့် ရေမခပ်ရဘဲ ငွေဖလားလေးနဲ့သာ နေ့စဉ် ခပ်သောက်စေပါတယ်။ သမားတော်က ဆရာတော် ရေဆာတိုင်း ငွေဖလားကြီးထဲမှ ရေကိုသာ ငွေဖလားငယ်နဲ့ သောက်ဖို့ အခြားမည့်သည့်ရေကိုမှ မသောက်ဖို့ မှာကြားပါတယ်။ ( ဆရာတော်ကြီး သောက်သုံးရေကို စာရေးသူတို့ ဆရာတော် (စာသင်သားလေးက) နေ့စဉ် ဖြည့်ပေးရပါတယ်။

အဲဒီနေ့ကစပြီး ဆရာတော်ကြီးက ငွေဖလား ရေကိုသာ အသက်ထက်ဆုံး သောက်သုံးသွားပါတယ်။ ထူးဆန်းတာက ဒီရေကို သောက်ပြီးကတည်းက နောက်ထပ် မောတယ်၊ အသက်ရှူ မ၀ဘူး၊ ရင်ဘတ်အောင့်တယ် မရှိတော့ပါဘူး။ ဆရာတော်ကြီးလဲ ကျန်းကျန်းမာမာနဲ့ ငွေရေစင်ရဲ့ တန်ခိုးကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်။ အရင်ကလိုပဲ စာတွေ သင်ကြားပို့ချ တရားဟော တရားပြလာနိုင်တယ်။

ဖလားနှစ်လုံးနှင့် လင်ပန်းကို လုပ်ရင်တော့ ငွေသားစစ်စစ်မှ ရောဂါပျောက်နိုင်တာ၊ အခြား

အရောအနှောတွေ မပါသင့်ဘူး။ မှတ်ထားကြကွယ့် ကြားလား-ဟု မိန့်တော်မူကြောင်း သိရပါသည်။

သီရိ

( နက္ခတ္တရောင်ခြည် ၂၀၀၉-မေလ)

No comments:

Post a Comment