Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu သူငယ်ချင်းများ၏ share mail များနဲ့ လေ့လာ ဖတ်ဖူးသော ဆိုဒ်များမှ စာပေအထွေထွေတိုကို မှတ်စုအဖြစ် တည်ဆောက်ထားသော ကျနော်၏ blog မှ နွေးထွေးစွာကြိုဆိုပါ၏..

Monday 18 March 2013

အာဒံရယ် ဧ၀ ရယ် ဒဿရယ် (ပထမ ပိုင်း)

ရုပ်ရှင်ကြည့်ရန် ဒီကို နှိပ်ပါ

Friday 8 March 2013

ဗိုက်ဆီကျစေတဲ့ ထောပတ်သီးအစွမ်းနဲ့ နည်းလမ်း


ဗိုက်ဆီကျစေတဲ့ ထောပတ်သီးအစွမ်းနဲ့ နည်းလမ်း

အိမ့်သံစဉ် 

အခုပြောမယ့် အကြောင်းအရာကတော့ ဗိုက်ဆီရှိတဲ့ သူတွေအတွက်ဖြစ်ပါတယ်။ အဆီအစိမ့်တွေ စားပြီး ဗိုက်အဆီ တက်နေသူတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းကောင်းလေးပါ။ ဗိုက်မှာအဆီတက်နေတဲ့ သူတွေအတွက်

အိမ်တွင်း အာဏာ၊ စည်းကမ်းနဲ့ စည်းလွတ်ဝါးလွတ်

အိမ်တအိမ် ဆိုတာဟာ တကယ်တော့ တိုင်းပြည်တပြည်လိုပါပဲ။ တိုင်းပြည်တပြည်မှာ ဥပဒေဆိုတာ ရှိသလိုပဲ အိမ် တအိမ်မှာလည်း အိမ်တွင်းဥပဒေဆိုတာ ရှိပါတယ်။ အဲဒီလိုပဲ အိမ်ကို အုပ်ချုပ်သူ အဖေ သို့မဟုတ် အမေဟာ အိမ်ရဲ့ ခေါင်းဆောင်ပါပဲ။ ကျမတို့ နိုင်ငံမှာတော့ အိမ်ထောင် အများစုမှာ အဖေဟာ အိမ်ကို ဦးဆောင်သူ၊ အိမ်ရဲ့ အိမ်ထောင်ဦးစီး ဖြစ်ကြရပါတယ်။ အပြင်မှာ ဘယ်လောက်ကြီး လူတကာကို အောက်ကျို့ရတဲ့ လူဖြစ်ပါစေ ကိုယ့်အိမ်ကို ပြန်လာတဲ့ အခါမှာတော့ အိမ်မှာ သြဇာကြီးသူ၊ သြဇာလွှမ်းနိုင်သူ၊ အိမ်ထောင်ဦးစီးကြီး ဖြစ်လာပါတော့တယ်။ အိမ်ရဲ့ကိစ္စ မှန်သမျှကို ဆုံးဖြတ်ပေးနိုင်သူ၊ အိမ်သားတွေရဲ့ အရေးကို ကာကွယ်စောင့်ရှောက်နိုင်သူမို့ အိမ်ရဲ့ အာဏာဟာ အများအားဖြင့် အိမ်ထောင်ဦးစီး ဆိုသူရဲ့ လက်ထဲမှာ

Monday 4 March 2013

ဒေါ်အောင်ဆန်းစုကြည်၏ အထ္ထုပတ္တိ

ကျနော်၏ဒေါ်စုနှင့်ပတ်သက်ပြီးရေးခဲ့သမျှစာအချို့ ကို မှတ်တမ်းပြုစုနေဆဲဖြစ်ပါတယ်။ ယခုဖော်ပြတဲ့အကြောင်းအရာများက အမေဒေါ်အောင်ဆန်းစုကြည် ဂျပန်သို့ လာရောက်မည်ဖြစ်ပါသောကြောင့် သူ၏ သမိုင်းနှင့် ပတ်သက်သမျှ ဘာသာပြန်ခြင်း၊ကဗျာရေးဖွဲ့ ခြင်း ဆောင်းပါးများ လက်လှမ်းမှီသလောက်ရေးခဲ့ခြင်းများကို စာအုပ်ထုတ်ဝေမည်ဖြစ်ပါတယ်။ထိုစာအုပ်သည် ကျနော်၏စာများ ကဗျာများ ၊ အမကြီး spring Flower ၏ ဘာသာပြန်ခြင်းများ ဆရာတက္ကသိုလ်ဘုန်းကြွယ် နှင့် အခြားမီဒီယာများမှ ထဲထဲဝင်ဝင်မှတ်တမ်းများကိုပြုစုပေးထားပါသည်။ ကျနော်၏ လက်လှမ်းမှီသလောက်စာများပြုစုရာတွင် အချို့ သော ပုဂ္ဂိုလ်များ၏စာများမှာ ရေးအားကောင်းလွန်းပါတယ်။ဒါကြောင့် မိမိတို့ ပေးပို့ လိုသော ဆောင်ပါးများ နှင့်အခြားသော အကြောင်းအရာများကိုဝေဖန်သုံးသပ်ပေးပို့ အကြံပြုနိုင်ရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်

အလုပ်လျှောက်လွာ CV ဘယ်လိုရေးရမယ်

နိုင်င်ငံတကာမှာ သတ်မှတ်ထားတဲ့ CV ဖောင် Standard အမျိုးမျိုး ရှိပါတယ်။ အမေရိကန်စံညွန်း၊ အင်္ဂလန်စံညွန်း၊ သြဇီ စံညွန်း တို့အပြင် နိုင်ငံတစ်ခု တည်းမှာကိုတင် သုံးလေးခု မက ကွဲတာမျိုးတွေလည်း ရှိတတ်ပါတယ်။ CV ဖောင်ရဲ့  အဓိက ရည်ရွယ်ချက်က အလုပ်ရဖို့ပါပဲ။ ဒီတော့ မြန်မာပြည်က အလုပ်လျှောက်တဲ့ သူများအနေနဲ့ ဘယ်လိုဆီဗီရေးဖို့လိုအပ်တယ်ဆို တာကိုလည်း သိထားဖို့ လိုအပ်ပါသေးတယ်။

အချို့  က အလုပ်လျှောက်ကြပြီး ဆီဗီထဲမှာ အချက်အလက်ပြည့်ပြည့်စုံစုံ ပါမလာပါဘူး။ အချို့ ကျတော့လည်း အချက်အလက်တွေ များပေမယ့် လိုချင်တဲ့ အချက်အလက်ကို မရောက်ရပြန်ပါဘူး။ ကုမ္မဏီ တော်တော် များများကတော့ အလုပ်လျှောက်သူ တင်လာတဲ့ ဆီဗီ အပြင် သူတို့ Format ဆီဗီကိုပါ ထပ်ဖြည့်ခိုင်းတဲ့အခါမျိုးတွေ ရှိပါတယ်။ အစကတော့ အင်တာနက်ကနေ ရှာရှာဖွေဖွေနဲ့ ဟိုလိုလေးရေးရင် ကောင်းမလား၊ ဒီလိုလေး ရေးရင် ကောင်းမလားလို့ စဉ်းစားရတာမျိုး ရှိပါတယ်။ ကုမ္မဏီတစ်ခုကို အသားလွတ်သွားလျှောက်ဖို့အတွက် ကိုယ့် CV က ရှေ့ ပြေး တပ်သား ဆိုတာ အရေးအကြီးဆုံး အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ CV မှာ အရေးအကြီးတဲ့ အချက်အချို့  က အောက်ပါအတိုင်း ဖြစ်ပါတယ်။