Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu သူငယ်ချင်းများ၏ share mail များနဲ့ လေ့လာ ဖတ်ဖူးသော ဆိုဒ်များမှ စာပေအထွေထွေတိုကို မှတ်စုအဖြစ် တည်ဆောက်ထားသော ကျနော်၏ blog မှ နွေးထွေးစွာကြိုဆိုပါ၏..

Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Thursday 24 April 2014

EQ လား IQ လား (ကောင်းထက်)

လူတစ်ယောက်၏ အောင်မြင်မှုရရန်အတွက်လိုအပ်ချက်မှာ ဦးနှောက်ဉာဏ်ရည်အဆင့်(IQ) မဟုတ်။ နှလုံးရည်အဆင့်အတန်း(EQ)ဖြစ်ကြောင်း
အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ စိတ်ပညာရှင် နီးယဲလ်ဂိုးလ်မန်းက 
ဖော်ထုတ်ပြောကြားခ့သဲ ည်။ သူသည် ဆယ်နှစ်အတွင်း အလုပ်သမား တစ်ထောင်ခန့်ကို 
သုတေသနပြု လေ့လာတွေ့ရှိမှုအရ (IQ)ကြောင့်အောင်မြင်သူ ၂၅%၊ 
(EQ)ကြောင့်အောင်မြင်သူ ၇၅% ရှိကြောင်း တွေ့ရှိခဲ့သည်။

ဦးနှောက်ဉာဏ်ရည်အဆင့်ကောင်းသော ဘွဲ့ရပညာတတ်အုပ်ချုပ်ရေးမှူးတစ်ယောက်သည်
နှလုံးရည်အဆင့်အတန်း ညံ့ဖျင်းသဖြင့် လုပ်ငန်းခွင်မှာ အောင်မြင်မှုမရ၊ 
အလုပ်မှ ထွက်ခဲ့ရလေပြီ။ ထိုအလုပ်ကို ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်ပြီး 

Friday 8 March 2013

အိမ်တွင်း အာဏာ၊ စည်းကမ်းနဲ့ စည်းလွတ်ဝါးလွတ်

အိမ်တအိမ် ဆိုတာဟာ တကယ်တော့ တိုင်းပြည်တပြည်လိုပါပဲ။ တိုင်းပြည်တပြည်မှာ ဥပဒေဆိုတာ ရှိသလိုပဲ အိမ် တအိမ်မှာလည်း အိမ်တွင်းဥပဒေဆိုတာ ရှိပါတယ်။ အဲဒီလိုပဲ အိမ်ကို အုပ်ချုပ်သူ အဖေ သို့မဟုတ် အမေဟာ အိမ်ရဲ့ ခေါင်းဆောင်ပါပဲ။ ကျမတို့ နိုင်ငံမှာတော့ အိမ်ထောင် အများစုမှာ အဖေဟာ အိမ်ကို ဦးဆောင်သူ၊ အိမ်ရဲ့ အိမ်ထောင်ဦးစီး ဖြစ်ကြရပါတယ်။ အပြင်မှာ ဘယ်လောက်ကြီး လူတကာကို အောက်ကျို့ရတဲ့ လူဖြစ်ပါစေ ကိုယ့်အိမ်ကို ပြန်လာတဲ့ အခါမှာတော့ အိမ်မှာ သြဇာကြီးသူ၊ သြဇာလွှမ်းနိုင်သူ၊ အိမ်ထောင်ဦးစီးကြီး ဖြစ်လာပါတော့တယ်။ အိမ်ရဲ့ကိစ္စ မှန်သမျှကို ဆုံးဖြတ်ပေးနိုင်သူ၊ အိမ်သားတွေရဲ့ အရေးကို ကာကွယ်စောင့်ရှောက်နိုင်သူမို့ အိမ်ရဲ့ အာဏာဟာ အများအားဖြင့် အိမ်ထောင်ဦးစီး ဆိုသူရဲ့ လက်ထဲမှာ

Monday 4 March 2013

အလုပ်လျှောက်လွာ CV ဘယ်လိုရေးရမယ်

နိုင်င်ငံတကာမှာ သတ်မှတ်ထားတဲ့ CV ဖောင် Standard အမျိုးမျိုး ရှိပါတယ်။ အမေရိကန်စံညွန်း၊ အင်္ဂလန်စံညွန်း၊ သြဇီ စံညွန်း တို့အပြင် နိုင်ငံတစ်ခု တည်းမှာကိုတင် သုံးလေးခု မက ကွဲတာမျိုးတွေလည်း ရှိတတ်ပါတယ်။ CV ဖောင်ရဲ့  အဓိက ရည်ရွယ်ချက်က အလုပ်ရဖို့ပါပဲ။ ဒီတော့ မြန်မာပြည်က အလုပ်လျှောက်တဲ့ သူများအနေနဲ့ ဘယ်လိုဆီဗီရေးဖို့လိုအပ်တယ်ဆို တာကိုလည်း သိထားဖို့ လိုအပ်ပါသေးတယ်။

အချို့  က အလုပ်လျှောက်ကြပြီး ဆီဗီထဲမှာ အချက်အလက်ပြည့်ပြည့်စုံစုံ ပါမလာပါဘူး။ အချို့ ကျတော့လည်း အချက်အလက်တွေ များပေမယ့် လိုချင်တဲ့ အချက်အလက်ကို မရောက်ရပြန်ပါဘူး။ ကုမ္မဏီ တော်တော် များများကတော့ အလုပ်လျှောက်သူ တင်လာတဲ့ ဆီဗီ အပြင် သူတို့ Format ဆီဗီကိုပါ ထပ်ဖြည့်ခိုင်းတဲ့အခါမျိုးတွေ ရှိပါတယ်။ အစကတော့ အင်တာနက်ကနေ ရှာရှာဖွေဖွေနဲ့ ဟိုလိုလေးရေးရင် ကောင်းမလား၊ ဒီလိုလေး ရေးရင် ကောင်းမလားလို့ စဉ်းစားရတာမျိုး ရှိပါတယ်။ ကုမ္မဏီတစ်ခုကို အသားလွတ်သွားလျှောက်ဖို့အတွက် ကိုယ့် CV က ရှေ့ ပြေး တပ်သား ဆိုတာ အရေးအကြီးဆုံး အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ CV မှာ အရေးအကြီးတဲ့ အချက်အချို့  က အောက်ပါအတိုင်း ဖြစ်ပါတယ်။

Saturday 20 October 2012

ဒီစာစောင်ကို မိန်းကလေးများဖတ်စေချင်

 အဖေ့သမီးအတွက်
သမီးအတွက်..ဖခင်ရဲ့ ဥပမာကောင်းလေးတစ်ခု.............




ဖခင်ဖြစ်သူက သမီးဖြစ်သူကို

Saturday 1 September 2012

အကဲဆတ်ခြင်း (၀ါ) စိတ်ကောက်လွယ်ခြင်း


အကဲဆတ်သည်ဆိုလျှင် စိတ်ကောက်လွယ်သည်ဟု အားလုံးသိကြသည်။ စိတ်ကောက်သည်ဆိုခြင်းထက် စိတ်ထိခိုက်လွယ်သည်ဟု ဆိုလျှင် ပိုမှန်ပါသည်။ သာမာန်အပြောအဆို တစ်ခုခုကိုပင် အဓိပ္ပာယ်ကောက်ပြီးလျှင် စိတ်ထိခုက်သွားတတ်သည်။
ထစ်ခနဲဆို စိတ်ဆိုးသွားသော သူတို့သည် လူ့အပေါင်းအသင်းတွေထဲမှာအတော်ကလေးများသည်။ အကဲဆတ်သူတို့သည် ပေါင်းရခတ်သည်။ လူအမျိုးမျိုးနှင့် ဆက်ဆံရသောသူတို့သည် အကဲဆတ်သူတို့နှင့် ဆက်ဆံရသည့်အခါ အပြောအဆိုဆင်ခြင်ရပေသည်။ စကားလုံးအမှား မဖြစ်သင့်ပေ။ မိမိက အပြစ်တင်လိုပြီး ဆိုလိုက်ခြင်း မဟုတ်စေကာမူ အကဲဆတ်သူက အဓိပ္ပာယ် အကောက်မှားပြီးလျှင် မိမိအပေါ် စိတ်ကွက်တတ်သည်။ အကဲဆတ်သည့်သူ

Thursday 21 June 2012

★ဘဝရှင်သန်နည်းများ★

သင့်အား ထိခိုက်နာကျင်စေသူကို ကျေးဇူးတင်ပါ။

သူ့ကြောင့် သင့်စိတ်ဓာတ် ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။
 သင့်အား ခလုတ်တိုက်လဲကျစေသူကို ကျေးဇူးတင်ပါ။

သူ့ကြောင့် သင့်ခြေနှစ်ဖက် ပိုသန်မာခဲ့လို့ပါပဲ။

 သင့်အား လိမ်ညာခဲ့သူကို ကျေးဇူးတင်ပါ။

သူ့ကြောင့် သင်အသိဉာဏ် ပိုတိုးခဲ့လို့ပါပဲ။

Monday 18 June 2012

ရွှေနိုင်ငံသို့






ရင်နာရပါတယ် ဆိုတာထက် ရင်နင့်ရပါတယ်ဆိုရင်ပို မှန်ပါလိမ့်မယ်။ မြင်နေရ ကြားနေရတာတွေက တခုမှစိတ်ချမ်း သာစရာမရှိဘူး။ မြန်မာပြည်က မိကောင်းဖခင်သားသမီးလေး တွေ မလေးရှားမှာ လာအလုပ်လုပ်ကြတော့ ပညာမတတ် မိုက်ရိုင်းတဲ့ တရုတ်၊ ကုလားတွေ လက်အောက်မှာ ထားရာနေ၊ စေရာသွား၊ ခိုင်းတာလုပ်၊ ကျွေးတာစား ဘဝနဲ့နေ့စဉ်ရုန်းကန် နေတာမြင်ကြား နေရတော့

Saturday 16 June 2012

**ဘဝရဲ့ ပန်းတိုင်သို့ ခြေလှမ်း (၁၃) လှမ်း**

လူတိုင်းပင် ဘဝတွင် အောင်မြင်လိုကြသည်။ သို့ရာတွင် လူ တိုင်းသည်ပင် အောင်မြင်အောင် လုပ်လျှင် အောင်မြင်နိုင်သည် ဟုဆိုလျှင် မယုံကြည်ကြချေ။ အချို့က “ဤဘဝတွင် အောင်မြင်မှုကို မရနိုင်တော့။ အောင်မြင်မှုဟူသည်မှာ အခြားသူများနှင့် ဆိုင်သည်”ဟု သဘောထားကာ မအောင်မြင်သော အခြေအနေတွင်ပင် အညွှန့်တုံးနေ လေတော့သည်။ အချို့ကမူကား အောင်မြင်မှုဟူသည် ကံတရား အတိုင်းသာဖြစ်၍ အောင်မြင်အောင် လုပ်ယူနိုင်သော နည်းလမ်းမရှိဟု ယူဆကြသည်။ နည်းလမ်းများကို ဖော်ထုတ်သော အခါတွင်လည်း ဤနည်းလမ်းများဖြင့် အောင်မြင်မှုကို ရယူ၍ မရနိုင်ဟု နည်းလမ်းကို သံသယ ဖြစ်နေကြလေသည်။ အချို့ကား နည်းလမ်းများ

Friday 15 June 2012

**ဥာဏ်ပညာကို မြတ်နိုးတတ်ကြပါစေ..**


ဖီလော်ဆော်ဖီဆိုတာ ဉာဏ်ပညာကို မြတ်နိုးခြင်းရယ်လို့ ကြားဖူးပါတယ်။ ဖလော်ဆော်ဖီဆိုတာနဲ့ ခပ်ကြောင်ကြောင် အတွေးမျိုးတွေလို့ မထင်လိုက်ပါနဲ့။ အဲ့ဒိလို ခပ်ကြောင်ကြောင် ဒဿနတွေ (၀ါ) ခပ်ကြောင်ကြောင် သမားတွေဟာ တွေးပုံစနစ်မကျ လမ်းချော်နေတဲ့သူတွေ (၀ါ) ဒဿန တတ်ယောင်ကား တွေသာ ဖြစ်ပါတယ်။ တကယ်တော့ အတွေးအခေါ် ဖလော်ဆော်ဖီဆိုတာ လူတိုင်း တွေးသင့်တဲ့ အရာ ဖြစ်ပါတယ်။ တွေးခေါ်မျှော်မြင်မှု ရှိခြင်း၊ ကျိုးကြောင်း ဆက်စပ်တွေးခေါ် တတ်ခြင်းတွေဟာ တကယ့် လက်တွေ့ ဘ၀မှာ အလွန်အသုံးဝင်သော ပညာရပ်တွေ ဖြစ်ကြပါတယ်။ စနစ္တက် ေ

**ရွှေပြတင်းပေါက်တွေနဲ့အိမ်ကလေး...အုန်းဝမ်(ရန်ကုန်တက္ကသိုလ်)**


The house with the golden windows" ဆိုတဲ့ စိတ်ဓာတ်တက်ကြွဖွယ် ရာ ဇာတ်လမ်းတိုလေးတစ်ခုကို ဖတ်ဖြစ် ပါတယ်။ အဲဒီ ဇာတ်လမ်းတိုလေးကို ဖတ်လိုက်ပြီးတဲ့အခါ အတော့်ကိုကောင်း တဲ့ ဇာတ်လမ်းလေးဖြစ်တဲ့ အပြင်စာဖတ် သူတွေအတွက် motivating and in-spiring ကိုဖြစ်ပေါ်လာစေပါတယ်။ ဒါ့ကြောင့် အဲဒီဇာတ်လမ်းတိုလေးကို ဆီလျော်အောင် ဘာသာပြန်ပြီး ဖော်ပြ ပေးလိုက်ပါတယ်။

ကလေးမလေးတစ်ယောက်ဟာ တောင်ကုန်းပေါ်က နုံချာတဲ့ အိမ်သေး လေး တစ်လုံးမှာ နေထိုင်ပြီး ပန်းခြံလေးထဲ မှာ ဆော့ကစားရင်း ကြီးပြင်းခဲ့သလို ချိုင့်ဝှမ်းဟိုဘက်တောင်ပေါ်မှာရှိတဲ့ အံ့သြ ဖွယ်ရာ အိမ္ကေ