Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu သူငယ်ချင်းများ၏ share mail များနဲ့ လေ့လာ ဖတ်ဖူးသော ဆိုဒ်များမှ စာပေအထွေထွေတိုကို မှတ်စုအဖြစ် တည်ဆောက်ထားသော ကျနော်၏ blog မှ နွေးထွေးစွာကြိုဆိုပါ၏..

Saturday 13 December 2014

unicode myanmar font ထည့်နည်း

ခုဆို Google Search, Gmail, Translate နဲ့ အခြား App တော်တော်များများ Unicode မြန်မာဖောင့်ဘက် လှည့်လာကြပါပြီး။ မြန်မာဖောင့် Unicode ကို မိမိတို့ Android ဖုန်းပေါ်မှာ အဆင်ပြေပြေ အသုံးပြုနိုင်အောင် Fonter Pro App သုံး၍ Unicode သုံးသော App များကို Unicode ttf font ထည့်သွင်းနည်းကို အောက်မှာ ပြောပြသွားပါမယ်။

Fonter Pro App ကို Xposed Installer App နှင့် တွဲသုံးရပါမယ်။ Xposed Installer App သုံးရမှာ ဖြစ်တဲ့အတွက် Root တော့လိုပါမယ်။ လိုအပ်သော ဖိုင်များဖြစ်တဲ့ Fonter Pro App, Xposed Installer App, Unicode Ttf Font များကို အောက်မှာရယူပါ။


Xposed Installe ကော Fonter Pro ပါ မိမိဖုန်းထဲမှာ Installer ပေးထားပါ။ ပြီးလျှင် Unicode Ttf Font ကို My File ဖွင့်ပြီး Device Storage ထဲက Fonter နာမည်နဲ့ Folder ကိုဖွင့်လိုက်ပါ အဲ့မှာ Fonts နာမည်နဲ့ Folder တစ်ခုတွေ့ပါမယ် အဲ့ Fonts Folder ထဲကို Unicode Ttf Font လာထည့်ပေးပါ (Copy နဲ့ဘဲထည့်ထည့် Move နဲ့ဘဲထည့်ထည့် ရောက်ဖို့က အဓိက) အကယ်၍ Fonter နာမည်နဲ့ Folder မတွေ့ဘူးဆိုရင် Fonter နာမည်နဲ့ Folder အသစ်ဆောက်ပေးပါ ဖွင့်ပြီး တခါ Fonts နာမည်နဲ့ Folder အသစ်ဆောက်ပေးပါ။ ပြီးမှ Unicode ကို အဲ့ Fonts Folder ထဲထည့်ပေးပါ။

ပြီးလျှင် Xposed Installer App ဖွင့်ပါ Modules အကွက်ကိုနှိပ့်ပြီး Fonter Pro ကို ဘေးမှာအမှတ်ခြစ်ပေးပါ ပြီးလျှင် နောက်ပြန်ဆုတ်ပြီး အပေါ်ဆုံးအကွက် Framework ကိုနှိပ့်ပါ Install/Update အကွက်ကိုနှိပ့်ပေးပြီး OK ပေးလိုက်ပါ (Root တောင်းလျှင် ခွင့်ပြုပေးလိုက်ပါ) ဖုန်းပါဝါပိတ်သွားပါမယ် ပြန်ဖွင့်လာပါမယ်။

ပြီးလျှင် Fonter Pro App ကိုဖွင့်လိုက်ပါ။ Change app font ကိုနှိပ့်ပါ မိမိ App တွေပေါ်လာလျှင် Unicode သုံးသော App ကိုနှိပ့်လိုက်ပါ (ဥပမာ Translate ကိုနှိပ့်ပါ) အပေါ်ဆုံးဒေါင့်မှာ ဖွင့်ပေးလိုက်ပါ Choose font အကွက်ကိုနှိပ့်ပြီး Unicode ကိုရွေးပေးလိုက်ယုံပါဘဲ စာလုံးကာလာ ပြောင်းချင်ရင်တော့ အောက်နားက Choose color ကိုနှိပ့်ပြီး ကြိုက်တဲ့အရောင် ရွေးပေးလိုက်ယုံပါဘဲ။ ပြီးလျှင် အားလုံးထွက်ပြီး မိမိရွေးလိုက်တဲ့ Unicode App ကိုသွားဖွင့်ကြည့်ပါ။ အဆင်ပြေစွာ မြန်မာစာ ဖတ်လို့ရပါပြီး။ ဒေါင်းရမည့်ဖိုင်များ အောက်မှာ တင်ပေးသွားပါမယ်။

Fonter Pro Download >> https://pc.cd/xb6 ( 3Mb )

Xposed Installer Download >> https://pc.cd/mh6 ( 770Kb)

Unicode Ttf Font Download >> https://pc.cd/km6 ( 240Kb )

(Unicode ကို ကျွန်တော်သရဲဖောင့်အဖြစ် နဲနဲပါးပါး ပြန်ပြင်ထားပါတယ် မကြိုက်လျှင် မူရင်းဖောင့် ရှာဒေါင်းကြပါ။ ကျွန်နော်မှာလည်း မရှိတော့ဘူး)

တချို့ Version နှိပ့်ဖုန်းတွေမှာ Xposed Installer အဆင်မပြေတာ ဖြစ်တတ်ပါတယ်။ Xposed Installer Version အနှိပ့်နဲ့ စမ်းကြည့်ကြပါ။ အဆင်ပြေကြတာ များပါတယ်။

Xposed Installer Old Version >> http://pc.cd/GY6 ( 559Kb )

ဒါက မရှိသေးတဲ့သူများ ယူကြပါ Google App တမျိုးဖြစ်တဲ့ Translate App ပါ Dictionary သဘောပါ။

Google Translate Doenload >> http://pc.cd/th6 ( 3Mb )

            { အဆင်ပြေကြပါစေ - စောမိက်မိက် }

1 comment: