Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu သူငယ်ချင်းများ၏ share mail များနဲ့ လေ့လာ ဖတ်ဖူးသော ဆိုဒ်များမှ စာပေအထွေထွေတိုကို မှတ်စုအဖြစ် တည်ဆောက်ထားသော ကျနော်၏ blog မှ နွေးထွေးစွာကြိုဆိုပါ၏..

Friday 15 June 2012

**မျှဝေသူများပျော်ပါစေ**

တကယ့် ဆရာကောင်းသမားဆိုတာ ကျောင်းသားဘယ်နှယောက်ကို ပိုင်ဆိုင်တာလဲမဟုတ်ဘူး၊
တကယ့်ဆရာကောင်းသမားဆိုတာ ကျောင်းသားများကို ဆရာကောင်းသမားများဖြစ်ဖို့ပြုစုပျိုးထောင်ပေးသူ၊
လူအများကို ခေါင်းဆောင်ဖြစ်ဖို့ ပြုစုပျိုးထောင်ပေးသူဖြစ်တယ်။
လူ့ဘ၀တစ်သက်က လူဘယ်နှယောက်ကို ကျော်လွန်ခဲ့သလဲမဟုတ်၊သင် လူဘယ်နှယောက်ကို ကိုယ့်ကို ကျော်လွန်နိုင်ဖို့ ကူညီလမ်းညွန်ခဲ့သလဲဆိုတာဖြစ်တယ်။
အောင်မြင်ရေး လမ်းသစ်က လူဘယ်နှယောက်ကို ကျော်လွန်
ခဲ့သလဲမဟုတ်ဘူး၊ "မျှဝေခြင်း"ပဲဖြစ်တယ်။
မျှဝေခြင်းက အောင်မြင်ခြင်းပဲဖြစ်တယ်။
"ရှန်ဟိုင်းကနေ လန်ဒန်ကို ဘယ်လို သွားရင် ပိုပျော်ဖို့ကောင်းမလဲ" လို့ ရှန်ဟိုင်းမြို့က လျှပ်စစ်ပစ္စည်း ကုမ္မဏီတစ်ခု ဆုပေးချီးမြှင့်တဲ့ မေးခွန်ူးတစ်ခုထုတ်ခဲ့တယ်။
ပထမဆု က လက်မ၄၀ ရောင်စုံ တီဗွီတစ်လုံးဖြစ်တယ်။
ဒီမေးခွန်းကို ၀င်ဖြေတဲ့သူတွေ ထူးထူးခြားခြား များခဲ့တယ်။
ကုမ္မဏီကို အနယ်နယ်အရပ်ရပ်က ဖြေဆိုစာတွေ ပလူပျံလာတယ်။
ဝင်ဖြေဆိုသူတွေထဲမှာ တက္ကသိုလ်ဆရာတွေပါသလို၊တက္ကသိုလ်ကျောင်းသား၊၀န်ထမ်း၊အိမ်ရှင်မတွေပါ ပါခဲ့တယ်။
လက်ခံရရှိတဲ့အဖြေတွေမှာ ပုံစံအမျိုးမျိုး ဆန်းသစ်တွေးတောမှုတွေ ပါခဲ့တယ်။
နောက်ဆုံးရွေးချယ်ခံရတဲ့ အဖြေက အများမျှော်လင့်မထားတဲ့ ကလေးငယ်တစ်ယောက်ရဲ့အဖြေ ဖြစ်နေတယ်။
ကလေးငယ်က အဖြေကို ရိုးရိုးလေးပဲဖြေထားတယ်
"သူငယ်ချင်းကောင်းနဲ့ အတူသွားရင် ပိုပျော်ဖို့ကောင်းပါတယ်တဲ့"
တကယ်ပါပဲ ဒိုင်တွေရဲ့ အကဲဖြတ်အဖြေက အားလုံးတညီတည်း ဖြစ်နေတယ်။
"မျှဝေပြီး ရလာတဲ့ ပျော်ရွှင်ခြင်းက ကိုယ်တစ်ယောက်တည်း ဆုတ်ကိုင်ထားတဲ့ပျော်၇ွှင်ခြင်းထက်ပို"ပါသတဲ့။
ဆွီဒင်နိုင်ငံမှာ နိုဘယ်လ်လို့ခေါ်တဲ့ လူတစ်ယောက်ရှိခဲ့တယ်။
ကျောင်းနေတုန်းက နိုဘယ်လ်ရဲ့အဆင့်ဟာ အမြဲတန်း ဒုတိယ မှာပဲရှိခဲ့တယ်။
ပထမ အဆင့်ကို ပေါ်ခ်ျ လို့ ခေါ်တဲ့ကျောင်းသားတစ်ယောက်က အမြဲဆွတ်ခူးခဲ့တယ်။
တနေ့မှာ ပေါ်ခ်ျ နေမကောင်းဖြစ်ပြီး ခွင့်ရက်ရှည်ယူခဲ့ရတယ်။
ဒါကို ကျောင်းသားတစ်ချို့က နိုဘယ်လ် အတွက်ဝမ်းသာပြီး" ပေါ်ခ်ျဖျားတော့ ပထမအဆင့်က နင့် အတွက်ပေါ့"လို့ပြောခဲ့ကြတယ်။
ဒါကို နိုဘယ်လ် ၀မ်းမသာတဲ့ အပြင် ကျောင်းမှာသင်တဲ့ သင်ခန်းစာအားလုံးကို စာအုပ်တစ်အုပ်နဲ့ သပ်သပ် ကူးပြီး ပေါခ်ျထံပို့ပေးခဲ့တယ်။
စာမေးပွဲဖြေတော့ ထုံးစံအတိုင်း ပေါ်ခ်ျက ပထမ ၊နိုဘယ်လ်က ဒုတိယ ရခဲ့ပြန်တယ်။
တဖြည်းဖြည်း နဲ့ အရွယ်ရောက်ကြီးပြင်းလာတဲ့ နိုဘယ်လ်ဟာ ဓာတုဗေဒ ပညာရှင်တစ်ဦးဖြစ်ခဲ့တယ်။
ယမ်းကို စတင်တီထွင်ပြီးနောက် သူဟာ အဆမတန်ချမ်းသာလာသူ ဖြစ်ခဲ့တယ်။
သူသေသွားပြီးနောက်မှာ ပိုင်ဆိုင်သမျှအားလုံးကို လှူဒါန်း ဖို့ သေတမ်းစာလည်းရေးခဲ့တယ်။
နိုဘယ်လ်ဆု အဖြစ်အဖြစ်သတ်မှတ်ပြီး နှစ်စဉ် နှစ်တိုင်း ၇ံပုံငွေထဲက အတိုးရလာတဲ့ငွေတွေနဲ့ ကမ္ဘာအနှံ့မှာရှိတဲ့ ရူပဗေဒ၊ ဓာတုဗေဒ၊ဇီဝဗေဒ၊စာပေ၊ စိးပွားရေး စသည့် ထူးချွန်သူတွေနဲ့ လူ့ငြိမ်းချမ်းရေးဆိုင်ရာအတွက် ဘ၀စတေးသူတွေကို ချီးမြှင့်စေခဲ့တယ်။
နိုဘယ်လ် ရဲ့ စိတ်သဘောထားကြိးမြတ်မှုနဲ့ ရက်ရောမှုတွေကြောင့် လုပ်ငန်းကြိးတစ်ခုကို ထူထောင်နိုင်ခဲ့တဲ့ အပြင် သူ့ကို နောင်လာနောက်သားတွေ အောက်မေ့သတိရအောင်လည်း စွမ်းဆောင်နိုင်ခဲ့တယ်။
ကမ္ဘာ့သမိုင်းမှာ လူတိုင်းက ဒုတိယအဆင့်သာရတဲ့ နိုဘယ်လ်ကို သိခဲ့ကြပြီး ပထမအဆင့်ကို အမြဲဆွတ်ခူးခဲ့တဲ့ပေါ်ခ်ျကိုတော့ မသိခဲ့ကြပါဘူး။
နိုဘယ်လ် အောာင်မြင်ခဲ့တာဟာ သူ့ရဲ့ ညာဏ်ရည်ညာဏ်စွမ်းတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။သူ့ရဲ့ ကြီးမြတ်တဲ့စိတ်သဘောထား ၊သင့်မြတ်မှုနဲ့ ရက်ရောနိုင်မှုတွေကြောင့်ပဲဖြစ်တယ်။
"တာဇံကို ဘာကြောင့်တောဘုရင်လို့ ခေါ်ခဲ့သလဲ"?
တာဇံရဲ့ အင်အားဟာ ဆင်တစ်ကောင်ကို မယှဉ်နိုင်ပါဘူး။
ကျားသစ်တစ်ကောင်လောက် အပြေးမမြန်ပါဘူး။
တောဘုရင်လို့သူ့ကို တင်စားကြတာ လက်နက်ကြောင့်၊ ခွန်အားကြောင့်မဟုတ်ပါဘူး။
ဆက်ဆံရေးကြောင့်ပဲဖြစ်တယ်။
တာဇံဟာ တိစ္ဆာန်ပေါင်းစုံနဲ့ မိတ်ဖွဲ့ခဲ့သလို သူတို့အပေါ်လဲ မေတ္တာထား ဂရုစိုက်ခဲ့တယ်။
တစ်ဦးမေတ္တာ တစ်ဦးအပေါ်ဆိုသလို တိရစ္ဆာန်လေးတွေကလဲ တာဇံကို ကြိုက်နှစ်သက်ခဲ့ကြတယ်။
တာဇံအန္တရာယ်ကြုံတဲ့အခါ ဒါမှမဟုတ် အကူအညီလိုတဲ့အခါ ရင်ဘတ်ကိုထုပြီး အော်လိုက်တာနဲ့ တိရစ္ဆာန်တွေထွက်လာပြီး သူ့ကို ကူညီခဲ့ကြတယ်။
ဒါကြောင့်" အောင်မြင်တယ်ဆိုတာ လူဘယ်နှယောက်ကို အောင်နိုင်ခဲ့သလဲမဟုတ်လဲ လူဘယ်နှယောက်ကို ကူညီခဲ့သလဲ"ဆိုတာပဲ ဖြစ်ပါတယ်။

No comments:

Post a Comment