Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu သူငယ်ချင်းများ၏ share mail များနဲ့ လေ့လာ ဖတ်ဖူးသော ဆိုဒ်များမှ စာပေအထွေထွေတိုကို မှတ်စုအဖြစ် တည်ဆောက်ထားသော ကျနော်၏ blog မှ နွေးထွေးစွာကြိုဆိုပါ၏..

Wednesday 28 May 2014

Facebook and Gmail Accountကို ပိုက်ဆံပေးဖွင့်နေရတဲ့ သူငယ်ချင်းများအတွက် အခြေခံကစ သိသလောက်ရှင်းပြပေးထားတဲ့ ( မိမိသုံးနေတဲ့ ဖုန်းဖြင့် Gmail Account နဲ့ facebook Account များကို လိုသလောက်ဖွင့်နည်း)

Facebook Accountကို ဖုန်းနံပါတ် တစ်ခု (သို့မဟုတ်) Email account (gmail or yahoo.etc....) တစ်ခုခု ရှိမှသာ facebook အကောင့်တစ်ခု ဖန်တီးနိုင်မှာ ဖြစ်ပါတယ်
မိမိသုံးနေတဲ့ ဖုန်းနံပါတ်ကို သုံးရင်လည်း Facebook Account တစ်ခုသာ ဖန်တီးလို့ရပါမယ်။ဒါကြောင့် ဖုန်းတစ်လုံး ရှိတာနဲ့ Gmail Account လိုသလောက် ဖွင့်လို့ရပြီး Gmail Account တစ်ခုကို Facebook Accountတစ်ခု ဖန်တီးနိုင်မယ့် Gmail နဲ့ Facebook Accountဖွင့်နည်းလေးပါ...
1.Gmail Account ဖွင့်နည်း
....................................


(၁)ဖုန်းရဲ့ setting ကို သွားပါ။add account ကို နှိပ်ပါ။
(၂) ယခု ကျနော်တို့ ဖွင့်မှာက gmail Account ဆိုတော့ google ကိုရွေးလိုက်ပါ။
(၃) အကောင့်သစ်ဖွင့်မှာဆိုတော့ New ကို နှိပ်လိုက်ပါ။
(၄)ဒီနေရာမှာ အကောင့်ရဲ့နာမည် မိမိနာမည်ပေးလည်းရပါတယ်။ FIRST NAME နေရာမှာ မိမိနာနာမည်ရဲ့ ရှေ့လုံးပေါ့ ။last နေရာမှာ မိမိနာမည်ရဲ့နောက်လုံးပေါ့(အကောင့်ရဲ့ Nick Name သာ ဖြစ်သည့်အတွက် ကြိုက်သလိုပေးလို့ရပါသေးတယ်)။ပြီးရင်တော့ ရှေ့တိုးမျှားလေး နှိပ်လိုက်ပေါ့
(၅)ဒီနေရာမှာ google ရဲူ့list စာရင်းဝင် gmail စ တောင်းပြီ။အကောင့်နာမည် ဘယ်လို ပေးချင်လဲ ( ဥပမာ။ konaing ပေါ့ ) konaing လို့ရိုက်လိုက်မယ်။
သူက ပြန်ဖြေတယ်(The user konaing isn't available တဲ့ အကောင့်ဖွင့်ဖို့အတွက် konaing ဆိုတဲ့နာမည်ကို သုံးလို့ မရပါဘူးတဲ့) Touch for Suggestions ကျနော်တို့နာမည် အကြံပေးရန်အတွက် ထိလိုက်ပါတဲ့ :)။ သူပြောတဲ့ Touch for Suggestion ကို နှိပ်လိုက်ပေါ့။သူက ပေးလို့ရတဲ့ နာမည်တွေ ပြတယ် ကိုယ်ကြိုက်တာ တစ်ခု ရွေးလိုက်ပေါ့။ပြီးရင်တော့ ဒီနာမည်ကို အတည်ပြုရ ၊ မရ try again ပေါ့ အဲဒါလေးကို နှိပ်လိုက်မယ်။
(၆)password ပေးမယ်၊ 8 characters minimum (password အနည်းဆုံး 8 လုံး သတ်မှတ်ရပါတယ်တဲ့)
ကိုယ်ပေးမယ့် password ကို စမ်းရိုက်ကြည့်မယ်။ကိုယ်ပေးလိုက်တဲ့ password ပေါ် မူတည်ပြီး သူက ပြန်ဖြေတယ် poor(or)strong(or)good တစ်ခုခုပေါ့၊poor ဆိုရင်တော့ အဆင်မပြေသေးဘူး တခြားနောက်password ကို ပြောင်းရိုက်ကြည့်လိုက်ပါအုံး။strong သို့မဟုတ် good ဆိုရင်တော့ သင်သတ်မှတ်မယ့် password လုံးဝ အဆင်ပြေပါပြီ။
ပြီးရင် အောက်ကွက်လပ်က Re-Type password ဆိုတဲ့ နေရာမှာ ခုနာက ကျနော်တို့ ပေးတဲ့ password ကို ထပ်ရိုက်ပေးလိုက်ပါအုံး။ပြီးရင်တော့ ထုံးစံ အတိုင်း ရှေ့တိုးမျှားလေးပေါ့။
(၆)ဒီနေရာမှာ အောက်ကွက်လပ်ကို အရင်ရွေးမယ် အရင်ဖြည့်မယ်ပေါ့။
အောက်ကွက်လပ်က recovery email address ဆိုတဲ့ နေရာမှာ မိမိတို့ ယခု လက်ရှိသုံးနေတဲ့ gmail အကောင့် (သို့) သူငယ်ချင်းတစ်ယောက်ယောက်ရဲ့ gmail အကောင့် ကို ဖြည့်ပေးလိုက်ပါ .. မှတ်ချက်။ ။ ယခုပေးလိုက်သော recovery email address သည် နောင်တစ်ချိန် ယ္ခုပြုလုပ်နေဆဲ အကောင့်၏ password မေ့သော အချိန် ဖြေရန် မေးခွန်းတစ်ခုရဲ့ အဖြေပါ။ ရေးမှတ်ထားသင့်ပါတယ်။
ပြီးရင်တော့ အထက် ကွက်လပ်ကို ဖြေဖို့ choose a security question (အကောင့်လုံခြုံရေး မေးခွန်းတစ်ခုကို မေးနေတာပါ) choose a security question လေးကို နှိပ်လိုက်ပါ။နှိပ်ပြီူးလို့ ပေါ်လာတာထဲက ကိုယ်မေးစေချင်တဲ့ မေးခွန်းကို ရွေးလိုက်ပါ။(First phone number =ဖုန်းနံပါတ်၏ ရှေ့ဆုံးအလုံး
Childhood best Friend's Name=ငယ်စဉ်ဘ၀က အခင်ဆုံးသူငယ်ချင်း၏ နာမည်။ အစရှိသဖြင့်ပေါ့ သူမေးတဲ့ မေးခွန်းငါးခုထဲက ကိုယ်မှတ်သားပေးနိုင်မယ့် မေးခွန်းကို ရွေးပေးလိုက်ပါ)
ပြီးရင် ခုနာက ကိုယ်မေးတဲ့ မေးခွန်းအလိုက် answer ဆိုတဲ့ အထက် ကွက်လပ်မှာ အဖြေရေးပေးလိုက်ပါ(မှတ်ချက်။ ။ ယခုပေးလိုက်သော အမေးအဖြေများသည် နောင်တစ်ချိန် ယ္ခုပြုလုပ်နေဆဲ အကောင့်၏ password မေ့သော အချိန် ဖြေရန် မေးခွန်းတစ်ခုရဲ့ အဖြေပါ။ ရေးမှတ်ထားသင့်ပါတယ်။) ပြီးရင်တော့ ထုံးစံအတိုင်း ရှေ့တိုးမျှားပေါ့
(၇) Join google ဆိုတဲ့မျှားလေးနဲ့ Not Now ကြိုက်တာရွေးပေးလို့ ရပါတယ်။
Join Google ကို ရွေးရင်တော့ gender တစ်ခု အဖြေပေးရတာပိုတာပေါ့။
(ဇ)Authenticating အပိုင်းကိုရောက်လာတော့ သူပေးတဲ့ စာလုံးကို စစ်မှန်အောင်ရိုက်ပေးပြီး ရှေ:တိုးမျှားသာ နှိပ်ပေးလိုက်ပါ။
(၈) set up payment info (ဒီအကောင့်ဖြင် ငွေးပေးချေတာတွေ လုပ်ရန်ရှိတဲ့ အခါ အဆင်ပြေဖို့ ဘဏ်ကဒ် တောင်းတာပါ။ ကိုယ်က ဒီအကောင့်နဲ့ ငွေပေးချေတာတွေ ဘာမှ မရှိတာမို့ Not Now ကို ရွေးပေးလိုက်ပါ။
(၉)ဒီအကောင့်နဲ့ ပတ်သက်တဲ့ app Data တွေ calendarတွေ gmail တွေ contact တွေ Photo တွေကို sync လုပ်ပြီး ဖုန်းထဲကို ထည့်မလားလို့ မေးတာပါ။ကိုယ်ထည့်ချင်တာကို အမှန်ခြစ်ပေးပြီး။မထည့်ချင်တာကို အမှန်ခြစ်ဖျောက် ရှေ့တိုးဘားသာ နှိပ်လိုက်ပါ။
ဒါဆိုရင် ဖုန်းနဲ့ gmail အကောင့်ဖွင့်ပြီး ဖုန်းထဲကို gmail Account Sign in လုပ်ပြီးသည်ထိ ပြီးဆုံးသွားပါပြီ။
.........................................................
2.Facebook account ဖွင့်နည်း
......................................
ဖုန်းမှာ facebook ဆိုတာကို ဖွင့်လိုက်ပါ ။ရှိပြီး account ဖြင့် log in လုပ်ထားရင်လည်း log out နှိပ် ထွက်ထားလိုက်ပေါ့။
(၁) Sign up for Facebook ကိုနှိပ်လိုက်ပါ
Facebook နဲ့ ဆိုင်တဲ့ ဝေါဟာရတွေကို ပြန်လည် စမ်းစစ်ဖို့ရန်အတွက် စာမျကိနှာတစ်ခု ကျလာပါမယ် ၊ok ပေးလိုက်ပါ။
(၂)ယခုလက်ရှိ ဖုန်းနံပါတ်ကို သုံးပြီး အကောင့်ဖွင့်မယ်ဆိုရင်တော့ continue ဆိုတဲ့ ဘားပဲ နှိပ်လိုက်ပါ။ကိုယ်က ခုနာက ကျနော်တို့ ဖွင့်တဲ့ EMAIL ကိုသုံးပြီး ဖွင့်မယ်ဆိုရင်တော့ Use Your Email ကို နှိပ်လိုက်ပါ။
(၃)အဲဒီမှာ ပေါ်လာတာကတော့ ကိုယ်ဖုန်းမှာ ထည့်ထားတဲ့ Email ပဲ ပေါ်တာပါ။ကိုယ်က တခြား Email ကို သုံးမယ်ဆိုရင်တော့ ပေါ်လာတဲ့ Email ကို ဖျက်ပြီး အသစ်ထည့်လိုက်ပေါ့။
(၄) အမည်ပေးမယ် ရှေ့လုံးနောက် နောက်လုံး၊ပြီးရင် continue။
(၅) password ပေးမယ်။ ပြီးရင် continue၊
(၆) birthday ဖြည့်ပေးမယ် ။ပြီးရင် continue။
(၇)male =ယေင်္ကျားလေး Female = မိန်းကလေး ( ရွေးပေးလိုက်ပါ)။
(၈)ပုံထည့်ခိုင်းတယ်။ မထည့်သေးချင်ရင် skip ကိုနှိပ်လိုက်ပါ။ထည့်ချင်ရင်တော့ take Photo = ပုံရိုက်ထည့်မယ် ။choose From Gallery=ဖုန်းထဲက gallery ဘောက်ကနေယူမယ်။ ကြိုက်သလို လုပ်ပေးလိုက်ပါ။
(၉)ဖြည်ပေးလိုက်မယ်။ hometown=နေအိမ်မြို့။ံHigh School Name=တက်ခဲ့တဲ့ကျောင်းနာမည်။ College Name=တက်ခဲ့တဲ့ ကောလိပ်နာမည်
Employer= အလုပ်ရှင် Curren City= မိမိယခု သုံးနေတဲ့ မြို့ ။ ဘာမှ မဖြည့်ချင်ရင်လည်း Skip လုပ်လိုက်လို့ရပါတယ်။
(၁၀) သူကတော့ Facebook သူငယ်ချင်းရှာခိုင်းတာ ။Skip နှိပ်လိုက်လည်းရပါတယ်။
ဒါဆိုရင်တော့ Facebook account တစ်ခုပြီးပါပြီ။ ဒီအကောင့်နဲ့ သူငယ်ချင်း ရှာတော့မယ်ဆိုရင် Search ဆိုတဲ့ နေရာလေးမှာ သူငယ်ချင်းရှာပြီး friend request လုပ်လို့ရပါပြီ။
...............................................................................................................
3.facebook account Account log ကျတာတွေ ကာကွယ်ရန်အတွက်ကတော့
.........................................................
Accountမှာ သုံးထားတဲ့ email ကို verify လုပ်ပေးမယ်။
Accountမှာ ဖုန်းနံပါတ်ထည့် verify လုပ်ပေးမယ်။သူငယ်ချင်းရှာတာကို ဖြည်းဖြည်းချင်းရှာမယ်။ အဲဒါတွေပြီးသွားပြီ ဆိုရင်တော့
ဒီယခုလုပ်ပြီး Accountကို web browser မှာပဲ ဖွင့်ဖွင့် ဖုန်းမှာပဲ ဖွင့်ဖွင့် ဘယ်နေရာမှာ လဲဖွင့်ဖွင့် ဒီ account log ကျမှု မရှိသလောက်ပါပဲ။
စေတနာ Naing Win

1 comment:

  1. hack site web how do you hack an account learn ethical hacking how to hack someones gmail how to hack gmail how to hack gmail id. gmail.com sign up

    ReplyDelete