Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu သူငယ်ချင်းများ၏ share mail များနဲ့ လေ့လာ ဖတ်ဖူးသော ဆိုဒ်များမှ စာပေအထွေထွေတိုကို မှတ်စုအဖြစ် တည်ဆောက်ထားသော ကျနော်၏ blog မှ နွေးထွေးစွာကြိုဆိုပါ၏..

Monday 11 August 2014

ဖုန်းတစ်လုံးမှာ Viber အကောင့်နှစ်ခု သုံးနိုင်တဲ့ 2Lines for Viber ★ ROOT v 1.0.1

ခေါင်းစဉ်ကိုကြည့်လိုက်တာနဲ့တင်ဘော်ဒါတွေ စိတ်ဝင်စားသွားကြလိမ့်မယ်လို့ထင်ပါတယ်ဗျာ။ တကယ် လည်းမိုက်ပါတယ်။ ဖုန်းတစ်လုံးထဲမှာတင် Viber Account နှစ်ခုသုံးနိုင်တဲ့ Application လေးဖြစ်ပါတယ်။ 2Lines for Viber ကိုအသုံးပြုဖို့အတွက် မိမိတို့ရဲ့ဖုန်းက Root Access ဖြစ်ဖို့တော့လိုအပ်ပါတယ်။ အသုံးပြုရတာလည်း လွယ်ကူပါတယ်။ Error မရှိပါဘူး ကျွန်တော်စမ်းပြီး ကလိကြည့်လို့အဆင်ပြေမှ တင်ပေးလိုက်တာပါ။ နောက်ထပ် Account တစ်ခုထပ်ဖွင့်ချင်တယ်ဆိုရင်တော့ အောက်ကပုံမှာမြင်ရတဲ့ အတိုင်း Add new line for viber ကိုနှိပ်ပြီး Viber ဖွင့်နေကြပုံစံအတိုင်း ထပ်ဖွင့်ရုံပါပဲ။ အသုံးပြုရင်လည်း Viber ကိုနှိပ်ပြီး အသုံးပြုရမှာပါ။ သုံးနေရင်း အခြား Account ပြောင်းပြီးသုံးချင်တယ်ဆိုရင်တော့ 2Line For Viber ကို နှိပ်ပြီး ပြောင်းသုံးချင်တဲ့ ဖုန်းနံပါတ်ကို နှိပ်ပြီးသုံးရမှာပါ။ Android OS 2.2 နှင့်အထက်ဖုန်း များမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။
                              
 ဆော့ဝဲအားရယူရန်    Download
  

    www.pyaephyo.com 

Friday 8 August 2014

"ဆာ လောင် မွတ် သိပ် ပါ... အ ရူး ထ ပါ..." (Steve Jobs)

၂၀၀၅ ခုနှစ် ဇွန်လ ၁၂ရက် နေ့တွင် ကျင်းပခဲ့သော *Stanford *တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနား တွင် *Apple Computer* နှင့်* Pixar Animation Studio*တို့ကို စတင်တည်ထောင်ခဲ့သူ *Steve Jobs* ပြောကြားခဲ့ သည့် မိန့်ခွန်း
I am honoured(honoured) to be with you today at your commencement from one of the finest universities in the world. I never graduated from college. Truth be told, this is the closest I've ever gotten to a college graduation. Today I want to tell you three stories from my life. That's it. No big deal. Just three stories.
ကမ္ဘာ့ အကောင်းဆုံး တက္ကသိုလ်ကြီးတစ်ခု ရဲ့ ဘွဲ့ရ မောင်မယ်များကို တွေ့ဆုံစကားပြော ခွင့် ရတဲ့အတွက်ကြောင့် အင်မတန် ဂုဏ်ယူမိကြောင်း ပြောပါရစေ။ ကျွန်တော်ဟာ တက္ကသိုလ်ဘွဲ့ရ တစ်ယောက်မဟုတ်ပါ။ အမှန်အတိုင်း ပြောရရင် ဘွဲ့နှင်းသဘင် အခမ်း အနား ဆိုတာ ဒီနေ့မှ တက်ဖူးတာပါ။ ဒီ ဘွဲ့နှင်း သဘင်အခမ်းအနားမှာ ကျွန်တော့ဘဝ ဇာတ်လမ်းလေး သုံးပုဒ် ပြောပါရစေ။ မိန့်ခွန်းအရှည်ကြီး မဟုတ် ပါ။ ကြီးကြီးကျယ်ကျယ် အကြောင်းအရာတွေ မဟုတ်ပါ။ ဇာတ်လမ်း သုံးပုဒ် ထဲပါ။
The first story is about connecting the dots.