Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu သူငယ်ချင်းများ၏ share mail များနဲ့ လေ့လာ ဖတ်ဖူးသော ဆိုဒ်များမှ စာပေအထွေထွေတိုကို မှတ်စုအဖြစ် တည်ဆောက်ထားသော ကျနော်၏ blog မှ နွေးထွေးစွာကြိုဆိုပါ၏..

Friday 3 August 2012

computer virus ကာကွယ်နည်း

1.svchost အမည်(Music icon folder) ပုံစံနဲ့  စက်ထဲကိုဝင်လာတဲ့ virus ပါ။ အဓိက ၀င်တဲ့အကြောင်းရင်းကတော့ Memory Stick ကို Virus Scan မလုပ်ဘဲ.. ဒီအတိုင်း dobule click သွားနှိပ်မိလို့ ပါ။ Memory Stick တိုင်းကို Virus Scan မစစ်ချင်ဘူး ဆိုရင်တောင် double click နှိပ်ပြီး မဖွင့်မိစေပါနှင့်။ double click နှိပ်ချင်းဟာ virus ကို Auto run စေနိုင်ပါတယ်။ ဒါကြောင့် ဖွင့်ချင်ရင် Memory Stick ပေါ်မှာ Right Click နှိပ် Explore ကိုရွေး၍ ဖွင့်ခြင်းဖြင့် Auto run virus တက်ခြင်းမှ ကာကွယ်နိုင်ပါလိမ့်မည်၊ အဲဒီလို ဖွင့်ကြည့်လို့  ကိုယ်နှင့် မသက်ဆိုင်တဲ့ Folder, Files, System Files စတာတွေကို ဖျက်ပစ် ဖို့ လိုပါလိမ်မည်။ ကျွန်တော် အခုပြောတာတွေကတော့ ဖြစ်နိုင်ချေ အရှိဆုံး virus ၀င်လာရသည့် အကြောင်းရင်းပါ၊
2. တကယ်လို့ virus ၀င်သွားပြီးဆိုရင်ရော.... ဘယ်လိုလုပ်ကြမလဲ...
ဒါကို Mauel အတိုင်း လုပ်ကြည့်ချင်ရင်တော့.. ပထမဦးဆုံး
အနေနဲ့ Ctrl+Alt+Del နှိပ်ပီး Task Manager ခေါ်ပါ။ ပြီးရင် svchost (run with user account) ဒါလေးကို ရှာပီး Right Click နှိပ်.. End Process လို့ ပြောလိုက်ပါ။ Start>> run>> မှာ msconfig လို့ ရိုက်ပါ။ msconfig ကျလာလျှင် start up ကို သွားပါ။ svchost နဲ့ ပတ်သက်မယ် ထင်သည့် လုပ်ငန်းများကို disable လုပ်ပါ။ မသိပါက Disable All လုပ်လိုက်လဲ ရပါတယ်.. ပြီးလျှင် Apply>>> OK >> Restart လုပ်ပေးပါ။ Windows ပြန်တက်လာပြီဆိုလျှင် C:\Windows\system 32\restore ထဲက svchost  အမည်နဲ.data folder လေးကိုဖျက် del.exe, dir.exe ဆိုပြီး sound icon ပုံနဲ. အကောင်နှစ်ကောင်ကိုထပ်ဖျက်လိုက်တော့မှ အမြစ်ပြတ်သွားတော့တယ်.. ကဲဒါကတော့ svchost virus ကို manuel နှိမ်နှင်းနည်းလေးပါ။ အမှားပါရင် ခွင့်လွှတ်ပါ... အကြံပြုပါ.. ပြင်ဆင်ပေးပါ...လို့  အနူးအညွန့်  ပန်ကြားပါသည်၊ မြန်မာ IT တိုးတက်ပါစေ... Content by nnyioo@gmail.com
နောက်ဆက်တွဲ.. အခု svchost virus ကို Kaspersky က သတ်ပေးနိုင်ပါပြီ... နောက်ပြီး Blood Screen svchost ကို ဒါလေးနဲ့ လဲ (SmitfraudFix) သတ်လို့ ရပါတယ်... လိုချင်ရင် ဒီမှာ ဒေါင်းပါ။

No comments:

Post a Comment