Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu သူငယ်ချင်းများ၏ share mail များနဲ့ လေ့လာ ဖတ်ဖူးသော ဆိုဒ်များမှ စာပေအထွေထွေတိုကို မှတ်စုအဖြစ် တည်ဆောက်ထားသော ကျနော်၏ blog မှ နွေးထွေးစွာကြိုဆိုပါ၏..

Wednesday 11 June 2014

FLASHTOOL နဲ့ SONY XPERIA ဖုန်းများ UNLOCK BOOTLOADER ဖွင့်နည်း။

 
ကျွန်တော် မနေ့က sony ဖုန်းတွေအတွက် Unlock code တောင်းနည်း လေးရေးပေးပြီးတော့ ဒီနေ့ အဲဒီ  Unlock code ကို Flashtool သုံးပြီး Unlock Bootloader ဖွင့်နည်းလေးပြောပြချင်ပါတယ်။ မသိသေးတဲ့သူတွေအတွက်ပါ။ပထမဆုံး အောက်ကလင့်လေးမှာ Flashtool ကို Download ယူပြီး PC မှာ install လုပ်ထားပါ။
Install လုပ်လို့ပြီးသွားရင် My computer / C / Flashtool /drivers / အထိသွားပါ Flashtool-drivers ဆိုတဲ့ exe လေးကို ဖွင့်ပါ။
ပုံ(၁)
 
ပုံ(၂)
 
ပုံ(၃)
 
ပုံ(၄)
ဖုန်း model အလိုက်ရွေးပေးပါ။ ကျွန်တော်ကတော့ Z2 ကို ဥပမာပြထားပါတယ်။
 
ပုံ(၅)
 အမှန်ခြစ်ပေးခဲ့တဲ့ Driver တွေ install လုပ်ပါလိမ့်မယ် Window security popup လေးတက်လာရင် install this driver software anyway ကိုရွေးပေးလိုက်ပါ။
 
 
ပြီသွားရင် ဖုန်း Setting/ about phone မှာ Build number ကို (၇) ချက်လောက်ဆက်တိုက်တောက်ပေးပြီး Back ပြန်သွားပါ Developer Option ထဲကိုဝင်ပြီး USB debugging မှာအမှန်ခြစ်လေးပေးခဲ့လိုက်ပါ။
ဖုန်းကို USB ကြိုးနဲ့ PC မှာချိတ်ပါ။ Driver တွေ install လုပ်နေတာတွေ့ရပါလိမ့်မယ်။ပြီးတဲ့အထိစောင့်ပါ။
 
Driver တွေစုံသွားပြီဆိုရင် ဖုန်းကို Power ပိတ်ပါ။ PC မှာ Flashtool ကိုဖွင့်ပါ။ Power ပိတ်ထာတဲ့ဖုန်းကို USB ကြိုးနဲ့ Volume Down Key တစ်ပြိုင်တည်း ထိုးလိုက်ပါ။ Flashtool မှာ BLU ဆိုတာကိုနှိပ်ပါ။ 
 
 ‘Bootloader Unlock Wizard ' ပေါ်လာရင် Unlock Code ဆိုတဲ့ အကွက်ထဲမှာ Email ထဲက code ကို copy ထည့်ပြီး Unlock ဆိုတာကိုနှိပ်ပြီး ခဏနေရင် ဖုန်းကိုကြည့်လိုက်ပါ လုပ်စရာရှိတာလုပ်သွားပါလိမ့်မယ် ဖုန်း Boot ပြန်တက်လာပြီဆိုရင် Unlock Bootloader ပွင့်သွားပါပြီ
 
အစင်ပြေပါစေ။ 

No comments:

Post a Comment