Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu သူငယ်ချင်းများ၏ share mail များနဲ့ လေ့လာ ဖတ်ဖူးသော ဆိုဒ်များမှ စာပေအထွေထွေတိုကို မှတ်စုအဖြစ် တည်ဆောက်ထားသော ကျနော်၏ blog မှ နွေးထွေးစွာကြိုဆိုပါ၏..

Thursday 18 July 2013

HTC Wildfire S ကို အလွယ်ဆုံး Root လုပ်နည်း

HTC Wildfire S မှာ Root လုပ်တဲ့နေရာမှာ
ဖုန်း Version ကို ကြည့်ပါ 2.3.4 (or)2.3.5     မှတ်ချက် ။   ။2.3.4 ဖြစ်နေရင် 2.3.5 ကိုမြှင့်ပေးရမှာ.ဖြစ်ပါတယ်..
2.3.5 မြှင့်တဲ့နေရာမှာ manually မြှင့်မယ်ဆို အသုံးပြုတဲ့ လူတွေအတွက်အခက်အခက်လေးတွေရှိနိုင်ပါတယ်..အဲ့ဒါကြောင့် Online ကိုအားကိုးပြီးမြှင့်မယ်ဆိုရင်
လွယ်လဲလွယ်မြန်လဲ..မြန်ပါတယ်..(2.3.5 မြှင့်မဲ့နေရာမှာ.အရေးကြီးတာတစ်ချက်ပြောပြပေးပါ့မယ် Version ပဲမြှင့်ပါ။ Hboot Version ကိုမမြှင့်မိပါစေနဲ့
Hboot Version မြှင့်သွားရင် Root လုပ်ရတာ..အင်မတန်မှခက်သွားပါလိမ့်မယ် )
2.3.5 ကိုမြှင့်မဲ့သူတွေအတွက်ပါ။
. မိမိဖုန်းကို Wifi (သို့မဟုတ်) ဖုန်းထဲက အင်တာနက်နဲ့ချိတ်ပေးပါ ။
. ဖုန်း Settings ထဲက About Phone ထဲက Solfware Update ကို နှိပ်လိုက်ပါ။
. 2.3.5 Update ရှိကြောင်း ပြပါလိမ့်မယ် အဲ့ဒါဆို မြှင့်ပေးလိုက်ပါ။ (အရင်ဆုံးဒေါင်းလုပ်ဆွဲပါလိမ့်မယ် ဆွဲ
ပြီး..Install လုပ်ပေးလိုက်ပါ )
. ဖုန်း က Install လုပ်ပေးပြီး..ပြန်တတ်လာရင်တော့ 2.3.5 ဖြစ်သွားပါပြီး (Wifi (သို့မဟုတ်) ဖုန်းထဲက အင်တာနက်) ကိုပြန်ဖြုတ်လိုက်ပါ။
အရေးကြီးသောအဆင့်။။။        ။။။။။
.အင်တာနက်သာချိတ်ထားမယ်ဆို Hboot Version မြှင့်တာကို ကိုထက်ပြီး..Install လုပ်ခိုင်းပါလိမ့်မယ် (မလုပ်ပါနှင့်)။။
Hboot Version မြှင့်မိမှာဆိုးလို့.အင်တာနက်ကို ဖြုတ်ခိုင်းတာပါ။

UnlockBootloader လုပ်နည်း
http://www.htc.com/www/help/    ဒီလင့်မှာ HTC Driver အတွက် HTC Sync  ကို သွင်းပေးပါ..
http://htcdev.com/ ကိုဝင်လိုက်ပါ။  (အကောင့် register လုပ်မှ Unlock Bootloader လုပ်လို့ရမှာပါ)
. ဆိုဒ် page ထဲရောက်ပြီးဆိုရင် UnlockBootlader ဆိုတဲ့ ကွန်ပျူတာအစိမ်းရောင် ပုံလေးကိုနှိပ်ပေးလိုက်ပါ။
. UnlockBootloader Page ထဲရောက်ပြီဆိုရင်တော့ Select Your Devices နေရာမှာHTC  Wildfire S * ကိုရွေးပေးလိုက်ပါ။
.Begin Unlock Bootloader ဆိုတဲ့ အစမ်းရောင်ဘာလေးကိုနှိပ်ပေးလိုက်ပါ။
.Are You Sure you Swish to Continue? ဆိုပြီး Box ကြလာရင် “Yes” ကိုနှိပ်ပေးလိုက်ပါ။
.Legal Teems ဆိုပြီး box ထက်ပေါ်လာပါတယ် အဲ့ဒီထဲမှာ အမှန် ၂ ခုလုံး ခြစ်ပေးပြီး Proceed to Unlock Instructionsဘားလေးကိုနှိပ်ပေးလိုက်ပါ။
.ဖုန်းထဲက MENU > Settings > Applications > Development > Check USB debugging) အမှန်ခြစ်ထားပေးပါ။
အပေါ်မှာ Hboot Version ကို ဘာလို့..မမြှင့်ခိုင်းလဲဆိုတော့ ဒီနေရာမှာ RUU ကိုဆွဲပြီး Root လုပ်လို့လွယ်မဲ့ Hboot Version ကို တင်မှာ..ဖြစ်လို့ပါ။
.RUU.exe ကို Install လုပ်ပေးရမှာ..ဖြစ်လို့..ဆိုဒ်ထဲမှာ Country အလိုက် ပေးထားတဲ့ RUU တွေ ထဲက မိမိနဲ့ဖုန်းနဲ့ သင့်တော်မဲ့ RUU ကိုဆွဲပြီး.. Install လုပ်ပေးရမှာ..ပါ။
.မိမိဖုန်းက Make In China ဆိုရင်တော့ hTC Asia WWE ,hTC Asia TW ,Vodafone CH GER,HTC WWE Tesco အဲ့နာမည်တွေနဲ့ RUU တွေကိုဆွဲပြီး..သွင်းကြည့်ပါ..
.မိမိစက်မှာ RUU လဲ..သွင်းပြီးပြီဆိုရင်တော့  အောက်မှာ..သူပေးထားတဲ့အတိုင်း.. Step တွေကို တစ်ခုပြီးတစ်ခုလုပ်ပေးလိုက်ပါ။
.အောက်က Step by Step တွေကိုကျတော်မရှင်းပြတော့ပါဘူး..Unlock Bootloader  လုပ်တဲ့သူတွေ လယ်နေမဲ့နေရာလေးတော့ကျတော်ရှင်းပြပါ့မယ့်
.ဆိုဒ်ထဲမှာက SDK ကိုဆွဲခိုင်းပြီး ကွန်ပျူတာမှ Commant ရိုက်ခိုင်းတဲ့နေရာမှာ..လယ်တတ်ပါတယ်..တစ်ကယ်တော့ Android SDK တစ်ခုလုံးမလိုပါဘူး။
အဆင့်၅ ကိုကျော်လိုက်ပါ ။
.http://www.mediafire.com/?ltso43gcesga75h  Fastboot.rar ဖိုင်ကိုဆွဲလိုက်ပါ ပြီးရင် ဖြည်ချလိုက် Fastboot ဆိုတဲ့ Folder ထွက်လာပါတယ် အဲ့ဖိုင်ကို Android ဆိုပြီး နာမည်ပြောင်းလိုက်ပါ။
. Android Folder တစ်ခုလုံးကို My Computer ထဲက C:\ အောက်ထဲ..သွားထည့်ပေးလိုက်ပါ။
.အဆင့် ၆ ကနေ..ပြန်စလို့ရပါပြီ.
Unlock Bootloader လုပ်ပြီးသွားပြီဆိုရင်တော့ Root လုပ်လို့ရပါပြီး…
.Hboot Version ကိုကြည့်ပေးပါ (1.09.0099)
Hboot Version ကြည့်နည်း
. ဖုန်းကိုပါဝါပိတ်လိုက်ပါ။
.Volume Down+ပါဝါခလုတ်   တစ်ပြိုင်ထဲ..နှိပ်ထားပေးပါ။
.Bootloader Mode ထဲရောက်သွားပြီး.. အပေါ်ဆုံးမှာ အစမ်းရောင် စာသားဖြင့် ရေးသားထားပါတယ်..
Version 2.3.5
Hboot Version 1.09.0099
ဖြစ်သွားပြီးဆိုရင်တော့ Root စလုပ်လို့ရပါပြီ။ (ပထမ ထဲက Version 2.3.5  Hboot Version 1.09.0099 ဖြစ်ပြီးသားဆိုလုပ်စရာမလိုပါဘူး..)

Root လုပ်နည်း
ကျတော်အခုပြောမဲ့နည်းက  S-ON ဖြစ်ပြီးတော့  Root လုပ်တဲ့နည်းပါ။   (S-Off ဖြစ်ချင်တယ်ဆို ဒေါ်လာနဲ့ ပေးဝယ်ရတဲ့ XTC Clip နဲ့ လုပ်မှရမှာပါ)
. Wildfire S Manager.exe ကို ဒေါင်းလုပ်ဆွဲလိုက်ပါ။  https://www.dropbox.com/s/lj3u2bw27ldfjgf/Wildfire%20S%20Manager_2.exe
.http://downloads.noshufou.netdna-cdn.com/superuser/Superuser-3.1.3-arm-signed.zip  Super User.zip ဖိုင်ကိုဆွဲပြီး ဖုန်းရဲ့ SD ကဒ်ထဲ..ထည့်ထားပေးပါ။
.ဖုန်းကိုပါဝါပိတ်လိုက်ပါ။
.Volume Down + ပါဝါခလုတ်ကိုတွဲနှိပ်ပြီး Bootloader Mode ထဲဝင်ပေးပါ။
.ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ပေးလိုက်ပါ။
.Wildfire S Mansger.exe ကို Run လိုက်ပါ။
.Commant Box အနီရောင်ဖြင့်ပေါ်လာပါလိမ့်မယ် ။ Space bar တစ်ချက်နှိပ်ပေးလိုက်ပါ။
. Commant Box အစိမ်းရောင်ပြောင်းသွားပြီး. 1.2.3……..စသဖြင့် တွေ့ရပါလိမ့်မယ်။
. နံပါတ် 2 (Manual Installs )ဆိုပြီးရွေးပေးလိုက်ပါ။  2 ကိုနှိပ်ပြီး Enter ခေါက်ပါ။
.2 (Recovery Install)  ကိုရွေးပေးပြီး.. Enter နှိပ်ပါ။
.  2 (RZR recovery) 1  ကိုရွေးလဲ ရပါတယ်… Enter နှိပ်လိုက်ပါ Install လုပ်သွားပါလိမ့်မယ်။
.အဲ့လို Install လုပ်လိုက်ရင် ဖုန်းမှာ recovery Mode ပေါ်လာပါလိမ့်မယ်။
. Install From SD Card ထဲဝင်ပြီး..  စာနက SD ကဒ်ထဲကိုထည့်ထားတဲ့ superUser.zip ကို Install လုပ်ပေးလိုက်ပါ။
.Install လုပ်ပြီးသွားပြီးဆိုရင်တော့ မိမိဖုန်းကို System reboot Now နှိပ်ပေးလိုက်ပါ။
.ဖုန်း ပြန်တတ်လာပြီးဆိုရင်တော့ ဖုန်းထဲမှာ Super User ဆိုတဲ့ Ico ရောက်နေတာတွေ့ရပါလိမ့်မယ်။
.Super User Ico ကို ဖွင့်လိုက်ပါ Allow ဆိုပြီး..နှိပ်လိုက်ရင်..မိမိဖုန်း Wildfire S က Root ဖြစ်သွားပါပြီဗျား..

No comments:

Post a Comment