Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu သူငယ်ချင်းများ၏ share mail များနဲ့ လေ့လာ ဖတ်ဖူးသော ဆိုဒ်များမှ စာပေအထွေထွေတိုကို မှတ်စုအဖြစ် တည်ဆောက်ထားသော ကျနော်၏ blog မှ နွေးထွေးစွာကြိုဆိုပါ၏..

Monday 17 June 2013

window7,xp screenshot ယူနည်း

ဒီနည်းပညာလေးတွေက ကျနော်တို့လို ကွန်ပျူတာကို စတင်လေ့လာခါစ သူတွေအတွက် ကွန်ပျူတာအခြေခံလေးတွေပါ။ ကီးဘုတ်မှာ ပါတဲ့ ကီးလေးတွေ ဘယ်ကီးက ဘယ်လို အသုံးဝင်တယ်

ဥပမာ=ctrl key+ c key = copy , ctrl+ v key= paste အဲလို ကီးဘုတ်အခြေခံလေးတွေ နားလည်ဖို့က တချို့မှာတော့ သင်တန်းတွေမှာ သင်ဖူးကြမှာပါ။
 သင်တန်းမတက်ဖူးတဲ့ ကျနော်တို့လို ကိုယ်တိုင်လေ့လာသူတွေအတွက်
တော့ ခု ကျနော်ပြောပြမယ့် ကီးဘုတ်ကိုသုံးပြီး screeeshot ယူနည်းလေးက အသုံးဝင်မယ်ထင်လို့ ထင်ပါတယ်။
  screenshot မလုပ်တတ်ခြင်းရဲ့ အခက်အခဲကို ကျနော် ကိုယ်တိုင်လည်းကြုံဖူးပါတယ်။ ဘယ်လိုကြုံရလည်းဆိုတော့ အင်တာနက်မှာ ချက်တင်ထိုင်ရင်း ကိုယ်မသိတဲ့ အခက်အခဲတစ်ခု တဘက်နားလည်သူကို မေးချင်လို့ ဘယ်လိုမေးရမှန်းမသိ မိမိကွန်ပျူတာမှာ ဘယ်လိုဖြစ်နေတယ် တဘက်သူကိုလည်း မြင်အောင် ဓာတ်ပုံ၇ိုက်မပြတတ်။ခုတော့  screenshot လို့ ခေါ်တဲ့ (ကွန်ပျူတာ screen ဓာတ်ပုံရိုက်ပြ)ကြစို့။

ကဲ secreenshot ဘယ်လို ယူမယ် စမယ်နော်

၁။မိမိ ပုံယူလိုသည့် web page ကို ဖွင့်လိုက်ပါ

 ကျနော်ကတော့ ခု ပို့ရေးနေတဲ့ ပုံလေးပေါ့

၂။Alt key + Print screen key ကို တွဲနှိပ်ပါ (ဒါက screenshot ပဲ)

၃။ရိုက်ထားတဲ့ screeshot ပုံကို သိမ်းရန်အတွက် desktop မှ ပုံ
တစ်ပုံကို ဖွင့်လိုက်ပါ။
  (က) ထိုပုံပေါ် တွင် right click လုပ်ပါ ။ window 7 ဆို open with>>paint ကိုနှိပ်ပါ။window xp ဆို edit ကို နှိပ်ပါ။
(ခ) ကျလာသည့် ပုံပေါ်တွင် paste လုပ်လိုက်ပါ။ (ဒါဆိုရင် ခုနာက screeshot လုပ်လိုက် web page ၏ ပုံရပါပြီ။
၎။ထိုပုံကို desktop မှာဖြစ်ဖြစ် picure မှာဖြစ်ဖြစ် ကြိုက်တဲ့နေရာမှာ save လုပ်လိုက်ပါတော့။

အဆင်ပြေပါစေ....................


No comments:

Post a Comment