sony ဖုန်းတွေမှာ root လုပ်ချင်တာပဲဖြစ်ဖြစ် recovery သွင်းချင်တာပဲဖြစ်ဖြစ် Unlock Bootloader ဖွင့်ထားဖို့လိုပါတယ်။ Unlock Bootloader ဖွင့်မဲ့ဖုန်းဟာ Unlock Bootloader ရနိုင် မရနိုင် သိချင်ရင် ဖုန်း keypad မှာ *#*#7378423#*#* လို့ရိုက်ပါ ပြီးရင် Service info > Configuration >Bootloader unlock allowed မှာ Yes လို့ရေထားရင် Unlock Code တောင်းလို့ရပါတယ်။ No ဆိုရင်တော့ Unlock Code တောင်းလို့မရပါ။ ကျွန်တော်သိသလောက် sony xperia C မှာ No ဆိုတာတော့တွေ့ဖူးပါတယ်။
ကဲ Yes လို့ရေထား တဲ့ဖုန်းတွေကတော့ အောက်ကနည်းလမ်းအတိုင်းပါ။
ဖုန်းရဲ့ keypad မှာ *#06# ဆိုပြီးရိုက်လိုက်ရင် ပေါ်လာတဲ့ ဂဏန်း 15 လုံးဟာ ဖုန်းရဲ့ IMEI နံပတ်ပါ။ အဲဒီ နံပတ် 15 လုံးကိုမှတ်ထားပါ။ ပြီးရင် အောက်က လင့်ကိုသွားပါ။
၁။အပေါ်က လင့်ကိုရောက်ပြီဆိုရင် အောက်ကိုတစ်ချက်စွဲချလိုက်ပါ။