Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu သူငယ်ချင်းများ၏ share mail များနဲ့ လေ့လာ ဖတ်ဖူးသော ဆိုဒ်များမှ စာပေအထွေထွေတိုကို မှတ်စုအဖြစ် တည်ဆောက်ထားသော ကျနော်၏ blog မှ နွေးထွေးစွာကြိုဆိုပါ၏..

Wednesday 16 April 2014

ရင်ထဲက ပဲ့တင်သံ

2007 ခုနှစ်တုန်းက မလေးရှားကို ရောက်လာခါစ ကျနော်တို့ရဲ့ အဖြစ်မှန်တွေကို သီချင်းစာသားဖြင့် ပြောပြခဲ့လို့ ဖုန်းထဲမှာ MP3 အဖြစ်သိမ်းထားပြီး ဖွင့်နားထောင်တိုင်း သီချင်းစားသားတွေ အဖြစ်မှန်နဲ့ မျက်ရည်ဝဲလောက်အောင်ထိ တိုက်ဆိုင်ခဲ့တဲ့ "ရင်ထဲက ပဲ့တင်သံ"သီချင်းလေးပါ.,သီဆိုသူများကတော့ ခွတ်ဒေါင်းမျိုးဆက် ညီကိုများပါတဲ့




***ရင်ထဲက ပဲ့တင်သံ***
ငါ့ဘ၀လေးဘွဲ့၇ပြီးသား အလုပ်အကိုင်က၀ိုးတ၀ါး
ဘွဲ့ရတာမှားခဲ့ပြီလို့ ငါ့စိတ်ထဲမှာထင်နေခဲ့
ငါရတဲ့ဘွဲ့တစ်ခု လွဲနေတာတစ်ခုခု
အဆုံးသတ်မှာလယ်ထွန်ရင်းနဲ့ ငါ့ဘ၀ကိုစတေးရမှာလား
အလုပ်အကိုင်ကရှားပါလွန်းတော့ ငါ့ဦးနှောက်တွေခြောက်ခြား
အဖေနဲ့အတူလယ်ထွန်မယ်လို့ ဆုံးဖြတ်ချက်တွေချထား
ဖြူစင်တဲ့စိတ်ဓာတ်ကိုပဲအရောင်ဆိုးပေးတာစစ်အစိုးရလား
လူမဆန်တဲ့စိတ်ဓာတ်နဲ့ပဲ ပြည်သူများကိုစိုးမိုးထား
အခွန်အတုတ်တွေများလွန်းတော့ ဘ၀တစ်သက်စာအတွက်လွမ်းဆွေးသွား
ရိုးသားတဲ့ ငါ့ဘ၀ကို လယ်ထဲမှာပဲသာယာခဲ့
သီးနှံကမကောင်းခဲ့ဘူး အကြွေးတွေကထပ်တင်ခဲ့
ဆိုးရွားတဲ့မြန်မာပြည်ရဲ့ အလုပ်တွေကဂယောက်ဂယက်
သတင်းစကားတွေမစုံလင်တဲ့ သတင်းစာကိုဖတ်ပြီးသား
အဖေ့ကိုလေဖွင့်လေဖွင့်ပြောပြီးတော့နိုင်ငံခြားကိုသွားရမလား
ညီးတွားနေငါအပိုပဲ ကြီးပွားဖို့ ငါထွက်သွား

မလေးရှားသွားတဲ့ သားလေးကိုဒယ်ဒီတစ်ခုတော့ပြောလိုက်မယ်
ရောင်းချထားတဲ့ နွားနဲ့လယ်မြင်ယောင်ပီးကြိုးစားကွယ်
ဒီမှာတော့ရှိသမျှအကုန်ပဲ
ဆက်ပြောမယ်မင်းနှလုံးသားထဲ ရခဲ့တဲ့ဒဏ်ရာဒဏ်ချက်တွေ
ပြောမနဲ့တော့ သားနဲ့အဖေရေမြေခြားဝေးရလဲ
.........................................................
..........................................................
........................................................








No comments:

Post a Comment