Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu သူငယ်ချင်းများ၏ share mail များနဲ့ လေ့လာ ဖတ်ဖူးသော ဆိုဒ်များမှ စာပေအထွေထွေတိုကို မှတ်စုအဖြစ် တည်ဆောက်ထားသော ကျနော်၏ blog မှ နွေးထွေးစွာကြိုဆိုပါ၏..

Saturday 26 January 2013

WINDOW 8 မှာ ပိတ်ထားတဲ့ ADMINISTRATOR ACCOUNT ပြန်ဖွင့်နည်း


window 8 မှာဆိုရင် default အနေနဲ့  administrator account ကို disable လုပ်ထားပါတယ်။
အဲဒီ administrator account disable လုပ်ထားတဲ့အတွက် အချို့ program တွေ software တွေကို 
ပြန်ဖြုတ်တာတို့ install လုပ်တာတို့ ပြုလုပ်မယ်ဆိုရင်................ error တက်တတ်ပါတယ်။administrator account နဲ့  log on ၀င်ပြီးမှ ပြန်ဖြုတ်တာတို့ install လုပ်တာတို့ လုပ်လို့ရပါတယ်။ အဲဒါကြောင့် administrator account disable ဖြစ်နေလို့ enable လုပ်ချင်တယ်ဆိုရင် အလွယ်ဆုံး နည်းလမ်း ၃ မျိုးကတော့.............


၁။local user and group ကနေ လုပ်ရမှာ ဖြစ်ပါတယ်။Local User and Group ထဲကို သွားဖို့အတွက်
my computer ကို right click နှိပ် manage ထဲကို သွား။Computer Manage Box ကျလာရင် Local User and Group>> User>>Administrator Account ပေါ်မှာ right click နှိပ်ပြီး Properities ထဲကို သွားပါ။
ပြီးရင် account is disable ဆိုတဲ့ check box က အမှန်ချစ် လေးကို ဖြုတ်ပေးလိုက်ပါ။ပြီးပြီ ဆိုရင် computer ကို log off လုပ်ပေး လိုက်ပါ။ 

၂။နောက်ထပ် တစ်နည်း ကတော့ command prompt ကနေ ပြုလုပ်ရမှာပါ။Administrator account ကို Command Prompt ကနေEnable လုပ်ချင်တယ် ဆိုရင် အရင်ဆုံး Window 8 ရဲ့ Start Screen ပေါ်မှာ Right Click  နှိပ်ပြီး All Apps ကို သွားပါ။ windows system အောက်က command Prompt ကို Select ပေးပြီး အောက်ဘားမှာ ရှိတဲ့ Run as Administrator ကို နှိပ်ပါ။ Administrator command prompt ပေါ်လာရင် Net User Administrator/actives:yes ကို ရိုက်ပြီး Enter နှိပ်လိုက်ပါ။ အဲဒါဆို၇င် Administrator account ကို enable လုပ်လို့ ရပါပြီ။ Disable ပြန်လုပ်ချင်တယ်ဆိုရင် Net User Administrator /active: no လို့ ရိုက်ပြီး enter နှိပ်လိုက်ရင် ရပါပြီ။

၃။ နောက်ဆုံး နည်းကတော့ Local Security Policy ထဲက လုပ်ရမှာ ဖြစ်ပါတယ်။Local Security Policy ကနေ Administrator Account ကို Enable လုပ်ချင်တယ်ဆိုရင် အရင်ဆုံး control panel ထဲကို သွားပါ။ control panel ထဲကို ရောက်ရင် Administrator Tool ထဲက Local Security Policy ထဲကို ၀င်ပါ။ Local Security Policy Window ကျလာရင် Local policies အောက်က security option ကို ဖွင့်ပါ။ ပထမဆုံးတွေ့ ရတဲ့ account; administrator  account status ကို double click နှိပ်ပြီး  enable လုပ်ရင် ရပါပြီ။။။


copy from myawady.blogspot.com

No comments:

Post a Comment