Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu သူငယ်ချင်းများ၏ share mail များနဲ့ လေ့လာ ဖတ်ဖူးသော ဆိုဒ်များမှ စာပေအထွေထွေတိုကို မှတ်စုအဖြစ် တည်ဆောက်ထားသော ကျနော်၏ blog မှ နွေးထွေးစွာကြိုဆိုပါ၏..

Friday, 20 July 2012

တန်ဘိုးရှိသော လက်တစ်စုံ

ဟိုနေ့ကအကို့blog ၀င်ကြည့်လိုက်တယ်  အမေအကြောင်းရေးထားတာတွေ့တယ်  ကျနော်လည်း  ကျနော့်မေမေအကြောင်းပေါ့ပြန်တွေးမိတယ်  ၀န်ခံဘူးတယ် ပြန်တွေးမိတယ်ပေါ့ 
ကျနော့်အသက်တကယ်တော့၂၀ရှိပြီ ။ဒီအသက်အရွယ်ရောက်မှမေမေ့အကြောင်းဒီတစ်ခါပဲလေးလေးနက်နက်စဉ်းစား
ဘူးတယ်ပေါ့။မေမေ့ရဲ့လက်တစ်စုံကတန်ဖိုးရှိမှန်း။
          ကျနော်တို့ကိုပထမဆုံးလမ်းလျှောက်တတ်အောင်သင်ပေးခဲ့သူကမေမေ။အကြိမ်ကြိမ်ချော်လဲတယ်အကြိမ်ကြိမ်တွဲထူပေးတယ်။ကျနော့်လက်ကိုထပ်ပြီးဝလုံးဝိုင်းဝိုင်းသင်ပေးဖူးတယ်။ကျောင်းနေစဉ်ကကျနော့်လက်ကိုဆွဲပြီးကျောင်းကကြိုကျောင်း
ပို့ခဲ့ဖူးတယ်။ညနေကျောင်းအဆင်းကျောင်းပေါက်ဝမှာသူမရဲ့လက်တစ်စုံကိုမြှောက်ပြီးနုတ်ဆက်ခဲ့ဖူးတယိ။ကျနော်နေမကောင်းရင်အကြမ်ကြိမ်ဆေးတိုက်ဖူးတယ်။မေမေလျှော်ပေးတဲ့အ၀တ်တွေအကြမ်ကြိမ်ဝတ်ဖူးတယ်။ကျနော်ဆံပင်တွေကိုအကြိမ်ကြိမ်
သန့်ရှင်းပေးခဲ့တယ်။မေမေခွံ့ကြွေးတဲ့ထမင်းတွေအကြိမ်ကြိမ်စားဖူးတယ်ခုချိန်ထိလည်းစားနေရတုန်းပဲ။ကျနော်၁၀တန်းအောင်တော့မျက်ရည်ကျအောင်ပျော်ခဲ့သူကမေမေ။တကယ်တော့မေမေ့လက်တွေက လိုချင်တာမှန်သမျှကိုဖန်တီးပေးနိုင်တဲ့တန်းခိုးတွေ
ရှိနေတယ်။ဒါပေမယ့်မေမေ့လက်ကိုအလိုလိုက်တဲ့လက်လို့တော့မထင်လိုက်နဲ့  ။သူငယ်ချင်းတွေနဲ့ရန်ဖြစ်  စကားများတတ်ရင်ကြိမ်စာကြွေးတတ်တယ်။
ခိုင်းတာကိုနမော်နမဲ့လုပ်  စည်းကမ်းမရှိရင်မေမေ့ပါးစပ်နဲ့တွေ့တော့တာပဲ။
မေမေက  ပုံစံ၁၀မှာတာမှီခိုလို့ရေးထားတာတကယ်တော့ မေမေကမနက်အိပ်ယာထတာနဲ့လုပ်လိုက်တဲ့အလုပ်  အိပ်ချိန်မှပဲ နားတတ်တယ်။မေမေ့အသက်၄၇ရှိပြီ။မေမေနေမကောင်းရင်မေမေ့နဖူးကိုတစ်ခါမှမစမ်းခဲ့ဖူးဘူး။မပြုစုဖူးဘူး။ပြုစုရင်လဲတာဝန်ကျေရုံပဲ။ကျနော့်မေမေကိုထမင်းတစ်ခါမှမခွံ့ကြွေးဖူးဘူး။ဘုရားတော့ခဏခဏလိုက်ပို့ဖူးတယ်။
    အ၀တ်အစားတော့ကျနော်မှတ်မိသလောက်၄၅၆ခါလောက်တော့လျှော်ပေးဖူးတယ်။ကျနော်ဒီအကြောင်းတွေကိုမေမေ့ဆီမှာဖွင့်ပြောဖူးတယ်။ဝမ်းနဲတာလားဝမ်းသာတာလားတော့မသိဘူး   မေမေ့မျက်နှာပေါ်မှာမျက်ရည်စတွေနဲ့။
      မေမေပြန်ပြောတဲ့စကားက    မေမေ့ရဲ့လက်ကပေးချင်နေတဲ့လက် မင်းရဲ့လက်ကတောင်းချင်နေတဲ့လက်      
မင်းရဲ့လ
က်ကလိုချင်တာကိုရအောင်ယူဖို့ကြိုးစားနေတဲ့လက်  မေမေ့ရဲ့လက်ကမှောက်ဖို့ကြိုးစားနေတဲ့လက်  မေမေ့ရဲ့လက်တွေနဲ့လောကကြီးထဲမှာလူအဖြစ်ဖန်တီးပေးခဲ့တယ်  ဒါ့ကြောင့်မေမေ့ရဲ့ကျေးဇူးတွေကိုသိတတ်ရင်မင်းရဲ့လက်တစ်စုံနဲ့လောကကြီးရဲ့အလှတရားကိုဖန်တီးပေးနိုင်တဲ့လက်တစ်စုံဖြစ်အောင်ကြိုးစားပါ      တဲ့။ခုချိန်ထိကျနော့်လက်နှစ်ဘက်ကိုရဲရဲဝံ့ဝံပြန်မကြည့်ရဲသေးဘူး။
      မေမေ့လက်ကိုမေ့ပြီးချစ်သူလက်ကိုတန်ဖိုးထားတတ်ကြတယ်။မေမေ့မျက်ရည်သုတ်ပေးဖို့ထက်ချစ်သူမျက်ရည်သုတ်ပေးဖို့စိတ်ကူးကြတယ်။မေမေ့လက်ကိုတွဲဖို့ထက်ချစ်သူလက်ကိုတွဲဖို့အမြဲကြိုးစားကြတယ်။ အားလုံးပဲမေမေ့ရဲ့အကြင်နာလက်  စေတနာလက်များကိုတန်ဖိုးထား    သတိပြုမိစေချင်တယ်........
baby milo တင်ပြသည်။

No comments:

Post a Comment